မင်းဘူး ဒီဇင်ဘာ ၈
မကွေးတိုင်းဒေသကြီး မင်းဘူခရိုင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့မနက် ၁၀ နာရီ အချိန်က မြို့နယ်ဦးစီးမှူး ဒေါ်ညိုညိုဝင်းနှင့် ဝန်ထမ်းများသည် မင်းဘူးဈေးနှင့် လူအသွားအလာများသည့် နေရာများတွင် ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ သတင်းစကား လက်ကမ်း စာစောင် များကို အများပြည်သူ သိရှိစေရန် လိုက်လံဝေငှလျက်ရှိကြောင်း သိရသည်။
ထိုသို့ဝေငှရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်ထဲတွင် ၂၀၂၀ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကျောက်စာတိုင်နှင့် တိုင်ရင်သား တိုင်းရင်းသူများ၊ ၂၀၂၀ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားအောင်ပွဲနေ့ သန္နိဌာန်၊ မဝေးလှသော အနာဂတ်တွင် ပေါ်ထွန်းလာမည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု၊ ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဝိုင်းဝန်း လိုက်ပါ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းချက်များ၊ အမျိုးသားအောင်ပွဲနေ့ သမိုင်း ကြောင်းများ၊ ဗြိတိသျှတို့ ပြဌာန်းသော ကျွန်ပညာရေး ဥပဒေများ၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦးတို့ ပါဝင်ကြောင်း သိရလေသည်။
ဇေယျာထက် (မင်းဘူး)