ကလေးမြို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါ အတည်ပြုလူနာ (၉) ဦး ကျန်းမာရေး ကောင်းမွန်သောကြောင့် ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီ

ကလေး ဒီဇင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၊ ခုတင်-၃၀၀ဆံ့ဆေးရုံ (တိုင်းရင်းဆေးရုံ) နှင့် ပြည်သူ့အငှား အိမ်ယာ (အိတ်စွပ်) တို့တွင် ဆေးကုမှုခံယူနေကြသည့် ကိုဗစ်-၁၉ကပ်ရောဂါ အတည်ပြုလူနာ (၉) ဦး တို့သည် ဆေးရုံဆင်းသတ်မှတ်ချက်များနှင့်အညီ ကျန်းမာရေး ကောင်းမွန်သောကြောင့် ယနေ့နံနက် (၁၀)နာရီအချိန်က ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီဖြစ် ကြောင်းသိရသည်။

အဆိုပါ တည်ပြုလူနာ(၉)ဦးတို့မှာ ကလေးမြို့ မြို့သာရပ်ကွက်နေအမျိုးသမီး(၂)ဦး၊ညောင်ပင် သာရပ်ကွက်နေအမျိုးသား (၁) ဦး၊ ချမ်းမြေ့အောင်စည် ရပ်ကွက်နေအမျိုးသား (၂) ဦး၊ အမျိုးသမီး(၂)ဦး၊ လှိုင်သာယာရပ်ကွက်နေအမျိုးသား (၁) ဦး၊ စံပြရပ်ကွက်နေ အမျိုးသမီး (၁) ဦးတို့ ဖြစ်ကြပြီး သက်ဆိုင်ရာ   တာဝန်ရှိသူများက ဆေးရုံဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြပြီး ဆေးရုံဆင်းပြီးနောက် လိုက်နာဆောင်ရွက် ရမည့် အချက်များနှင့် ပတ်သက်၍ တိကျ လိုက်နာစေရန် မှာကြားခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ကပ်ရောဂါကူးစက်ခံရသည့်အတည်ပြုလူနာ (၅၁)ဦးကျန်ရှိနေပြီး အဆိုပါအတည်ပြု လူနာများကို ကလေးမြို့ခုတင်-၃၀၀ဆံ့ဆေးရုံကြီး (တိုင်းရင်း ဆေးရုံ)နှင့် ပြည်သူ့အဌားအိမ်ယာ (အိတ်စွပ်) အထူးကြတ်မတ်ဆောင်တို့တွင် ဆေးကုသမှုခံယူစေလျက် ရှိကြောင်းသိရသည်။

ထန်းဖုန်(ပြန်/ဆက်)