တကောင်း၌ ထီးချိုင့်မြို့မှ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူနှင့် ကားအတူစီး ထိစပ်ခဲ့သူ (၉)ဦးအား သီးသန့်ထားရှိကာ ကျန်းမာရေးစောင့်ကြည့်

တကောင်း    ဒီဇင်ဘာ

ထီးချိုင့်မြို့မှ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူနှင့် မန္တလေးမှအပြန် ကားအတူစီးထိစပ်ခဲ့သူ အသက် (၅၅)အရွယ် အမျိုးသမီးနှင့်၎င်း၏အတူ နေလုပ်ဖော်ကိုင်ဖက် () ဦးအားယနေ့နံနက်ပိုင်းမှစ၍ တကောင်း တိုက်နယ်၊ အင်းနက် အုပ်စု၊ မြိုင်သာယာကျေးရွာ အလက(ခွဲ) စာ သင် ကျောင်း၌ Facility Quarantine Centre ပြုလုပ်၍သီး သန့်ထား ရှိပြီး  ကျန်းမာရေးစောင့်ကြည့် မှုများပြုလုပ်လျှက်ရှိကြောင်း သိရ သည်။

ယမန်နေ့ နံနက်ပိုင်းက တကောင်းမြို့ကျန်းမာရေးဌာန ဝန်ထမ်းများက ထီးချိုင့်မြို့မှ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူနှင့်ကားအတူစီး ထိစပ်ခဲ့သူ များ၏ နှာခေါင်း တို့ဖတ်၊ အာခေါင်တို့ဖတ်များအားရယူပြီး  RDT Test Kit  ဖြင့်စစ်ဆေးခဲ့ရာ ရောဂါပိုး မတွေ့ရှိကြောင်းသိရသည်။

 အဆိုပါ ပိုးတွေ့လူနာနှင့် ထိစပ်ခဲ့သူ(၁၀)ဦးကို မြိုင်သာယာကျေးရွာ အလက (ခွဲ)စာသင်ကျောင်း၌ ကျန်းမာရေး စောင့်ကြည့်မှုပြုလုပ်ထားပြီး နေထိုင်စားသောက်ရေးအားလုံးကို အဆိုပါကျေးရွာမှ တာဝန်ယူထားကြောင်း၊ လှူဒါန်း လိုသူများရှိပါက ဖုန်း၀၉-၄၄၅၈၈၆၇၃၀ သို့ဆက်သွယ် လှူဒါန်း နိုင်ကြောင်းသိရသည်။

ကိုကိုအောင် (တကောင်း)