လှိုင်းဘွဲ ဒီဇင်ဘာ ၈
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် မီးသတ်ဦးစီးဌာနနှင့်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ပြည်သူများအနေဖြင့် ပွင့်လင်းရာသီရောက်လာပြီးဖြစ်၍ မီးဘေးအန္တရာယ်များ ကြိုတင် ကာကွယ်နိုင်ရန် အတွက် ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ညနေပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးလှိုင်ထွေးနှင့်ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်နိုင်ဦးနှင့်ဝန်ထမ်းများ၊ ရပ်ကွက် တာဝန်ရှိ သူများက စည်ပင်သာယာမြို့မဈေး၊ စက်သုံးဆီအရောင်းဆိုင်များနှင့် Gas(ဂတ်စ်)အရောင်းဆိုင်များတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ မီးသုံးစွဲမှု အခြေအနေနှင့် မီးသတ်ဆေးဘူးထားရှိမှု၊ မတော်တဆဖြစ်ပွားလေ့ရှိသည့် မီးဘေးအန္တရာယ်နှင့်လျှပ်စစ်ဝါယာရှော့မှတစ်ဆင့် ဖြစ်ပွားတတ်သည့် မီးဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အချိန်မီ ငြိမ်းသတ်နိုင်ရန် စီစဉ်ထားရှိမှု အခြေအနေ၊ အရေးပေါ်အခြေအနေတွင် ရေအလုံအလောက်ရရှိစေရေး ဆောင်ရွက်ထားရှိမှုအခြေအနေတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ် သည်များကို သတ်မှတ်ချက်နှင့်အညီဖြည့်ဆည်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)