ကော့မှူး၌ Mask Campaign ပညာပေးလှုပ်ရှားမှုပြုလုပ်

ကော့မှူး ဒီဇင်ဘာ ၈

ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန့်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မည်သူမဆို နေအိမ်မှ အပြင်သို့ ထွက်ခွာတိုင်း နှာခေါင်းစည်း Mask တပ်ဆင်ရေး အသိပညာပေးလှုပ်ရှားမှု Mask Campaign အစီ အစဉ်ကို ယနေ့ နံနက်က မြို့မဈေးကြီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Mask Campaign ဆောင်ရွက်ရာတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်‌ကလေးစောင့်ရှောက်ရေး အသင်းနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ မြို့မဈေးကြီးအတွင်း Mask တပ်ဆင်သွားလာခြင်း မရှိသူ များနှင့်၊ ဈေးရောင်းချသူများအား နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးပြီး ဈေးရောင်းချသူ၊ ဈေးဝယ်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ နှာခေါင်းစည်း Mask တပ်ဆင်ကြရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီး တိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်နှစ်ဆယ်ကြာ ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေ၍ ဈေးရောင်းဈေးဝယ် ပြုလုပ်ကြရန်နှင့် ကိုဗစ်-၁၉ နှင့် ပတ်သက်သော ကျန်းမာရေး အသိပညာပေးမှုများ လည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျော်သူရ ကော့မှူး