တန့်ဆည် ဒီဇင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဖလံချိုင် မြစိမ်းရောင်စီမံကိန်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ကျေးရွာတွင်း လမ်းဂျင်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးကြည်ဇင်၊ အငယ်တန်းအင်ဂျင်နီယာ-၂ နှင့် ဝန်ထမ်းများက ယနေ့ နံနက် (၁၀)နာရီအချိန်က ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာတွင်း ဂျင်းခင်းခြင်းလုပ်ငန်းမှာ အရှည်(၂၇၀၀)ပေအား မြစိမ်းရောင်စီမံကိန်း လည်ပတ်ရန်ပုံငွေ အတိုးရငွေမှ ငွေကျပ်သိန်း( ၁၅၀)ဖြင့် အကျယ်(၁၂)ပေ၊ အမြင့်(၉)လက်မထု ရှိပြီး လုပ်ငန်းပြီးစီးပါက ကျေးရွာမှ အိမ်ခြေ(၃၆၃)အိမ်ရှိ လူဦးရေ(၁၃၇၉)ဦးတို့အတွက် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့ကာ ကျေးရွာသူ/သားများ သွားလာရေးလွယ်ကူ မည်ဖြစ်ကြောင်း သိရသည်။
ငြိမ်းမင်းထွန်း(တန့်ဆည်)