လှိုင်းဘွဲ ဒီဇင်ဘာ ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ယနေ့နံနက်ပိုင်းတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိ ပညာပေး ခေါင်းစဉ်ဖြင့်Talk Show ဆွေးနွေးပွဲဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နော်ခူးခူးက ပြည်သူများ အနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ သိရှိနိုင်ရန်အတွက် အသိပညာပေး Talk Show ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပိုင်ကျုံနယ်မြေမီးသတ်စခန်း မီးသတ်ဦးစီးဌာနမှလက်ထောက်ဦးစီးမှူး ဦးစောထီးမှူးဂျူးက ပွင့်လင်းရာသီရောက်ရှိပြီးဖြစ်၍ စက်သုံးဆီ အရောင်းဆိုင်များနှင့် Gas(ဂတ်စ်)အရောင်းဆိုင်းများတွင် မီးလောင်မှုမဖြစ်ပွားစေရေး နှင့် ကြိုတင်ပြင်ဆင် ဆောင်ရွက် နိုင်ရေးလုပ်ငန်းများ ကွင်းဆင်းစစ် ဆေးဆောင်ရွက်လျက်ရှိပြီး မီးသတ်ဆေးဗူးများထားရှိရန်စသည့် မီးဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရမည့်လုပ်ငန်းများ၊ မီးသတ်ဆေးဗူးအသုံးပြုပုံများအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ပြည်သူများအနေဖြင့်ပွင့်လင်းရာသီရောက်ရှိ ပြီးဖြစ်သောကြောင့် မီးသတိပြုကြရန် စက်သုံးဆီအရောင်းဆိုင်များ၊ Gas(ဂတ်စ်)အရောင်းဆိုင်များ၊ ကုန်စုံဆိုင်များနှင့်စားသောက် ဆိုင်များတွင် တစ်အိမ်တက်တစ်အိမ်ဆင်း အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းကို ရှင်းလင်း ဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။
ပိုင်ကျုံ(ပြန်/ဆက်)