ဘောဂလိ ဒီဇင်ဘာ ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီ ဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက ဘောဂလိမြို့ပေါ်ရှိဈေးဆိုင်များနှင့်လူနေအိမ်များအားမီးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဘောဂလိမြို့ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ဈေးဆိုင်များ ၊ လူနေအိမ်များတွင် လျှပ်စစ်မီးအသုံးပြုရာ၌ လျှပ်စစ် ဝါယာရှော့ မဖြစ်ပေါ်စေရေး၊ ထင်းမီးသွေး အသုံးပြုသူများအား ချက်ပြုတ်ပြီးစီးချိန်၌ မီးကြွင်း မီးကျန် မကျန်ရှိစေရေး စနစ်တကျဆောင်ရွက်ရန်နှင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် မီးချိတ်မီးကပ်နှင့် မီးသတ်ဆေးဗူးအသုံးပြုပုံ၊ မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အရေးပေါ် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ဆောင်ရန်ရှောင်ရန် များကို အသိပညာပေးပြော ကြား ခဲ့ကြောင်း သိရှိရသည်။
ဘောဂလိ (ပြန်/ဆက်)