ကျိုက်မရော မတ် ၁၈
ကျိုက်မရောမြို့နယ် ကော့ကလော့ကျေးရွာအုပ်စု ဥတုချောင်ကျေးရွာ၌ နွေရာသီကျောင်းပိတ်ရက်ကာလတွင် ကျောင်းသူ၊ ကျောင်းသားများ၊ လူငယ်မောင်မယ်များအနေဖြင့် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးပြုကြစေရန်နှင့် ဗုဒ္ဓ၏ တရားတော်များနှင့်အညီ နေထိုင်တတ်စေရန်၊ ကိုယ်စိတ်နှလုံးသိမ်မွေ့စေရန်ရည်ရွယ်၍ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ် YMBA အသင်းတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၉ နာရီက အ.လ.က သင်္ကန်းချောင်ကျောင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ၃၈ ဖြာမင်္ဂလာ ယဥ်ကျေးလိမ္မာသင်တန်းကို မတ် ၁၈ ရက်မှ မတ် ၂၆ ရက်နေ့အထိ သင်တန်းနည်းပြဆရာမများက ပို့ချသင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၇၀) ဦးတို့ တက်ရောက်လျက်ရှိကြောင်း သိရသည်။
ချိူမြတ်မြတ်ထွေး