ဘောဂလိမြို့တွင် အမျိုးသားအောင်ပွဲနေ့ အကြောင်းသိကောင်းစရာများ (Talk Show) ဆွေးနွေးပွဲဆောင်ရွက်

ဘောဂလိ   ဒီဇင်ဘာ   ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင်  ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာ(၉)ရက် နေ့တွင် ကျရောက်မည့်  နှစ်(၁၀၀)ပြည့်  အမျိုးသားအောင်ပွဲနေ့ကို  ကြိုဆို ဂုဏ်ပြုသော အားဖြင့်  အမျိုးသားအောင်ပွဲနေ့  အကြောင်းသိကောင်းစရာများ  (Talk  Show)  ဆွေးနွေးပွဲကို  ယနေ့နံနက်(၉)နာရီ အချိန်က  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်  Community  Centre  ခန်းမ၌  Online  မှတစ်ဆင့်  ဆောင်ရွက်ခဲ့ကြောင်း  သိရှိရသည်။

ဆွေးနွေးပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မြို့ဦးစီးမှူး နော်နီလာအေးက  အမျိုးသားအောင်ပွဲနေ့  အကြောင်းသိကောင်းစရာများ  (Talk  Show)  ဆွေးနွေးပွဲ  ဆောင်ရွက်ရခြင်း နှင့်  ပတ်သက်၍  ရှင်းလင်းပြောကြားပြီး  ဘောဂလိမြို့  (Youth  Club) အဖွဲ့ ဝင်  နော်အိုနားဂျုးက  အမျိုးသားအောင်ပွဲနေ့  ပေါ်ပေါက်လာပုံ  အကြောင်းနှင့်  အမျိုးသား အောင်ပွဲနေ့နှင့်  ပတ်သက်သော  သိကောင်းစရာများ ကို   ရှင်းလင်းဆွေးနွေးပေးခဲ့သည်။

အဆိုပါ  အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ  (Talk  Show)  ဆွေးနွေးပွဲ   ၌  ဆွေးနွေး ဆောင်ရွက်သည့်  အကြောင်းအရာများကို  ဘောဂလိမြို့ ပြည်သူ့စာကြည့်တိုက်နှင့်  IPRD  Bawgali  Page  တို့တွင်  ထုတ်လွှင့်ဖော်ပြပေးသွား  မည်ဖြစ်ကြောင်း  သိရှိရသည်။

ဘောဂလိ  (ပြန်/ဆက်)