သထုံ မတ် ၁၈
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း (Grade-12)စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို ယမန်နေ့နံနက် (၉) နာရီက စာစစ်ဌာန(၂)ခုတို့၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၇၄၉ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
သထုံမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပသည့် စာစစ်ဌာနနှစ်ခုရှိပြီး အထက(၁)သထုံစာစစ်ဌာနတွင် ဖြေဆိုရန် စာရင်းပေးသွင်းသူပေါင်း ၃၉၁ ဦး ရှိသည့်အနက်၊ လာရောက်ဖြေဆိုသူ ၃၇၁ ဦး၊ ပျက်ကွက် ၂၀ ဦး၊ အထက(ကျိုက္ကော်)၌ စာရင်းပေးသွင်းသူ ၄၀၁ ဦး၊ လာရောက်ဖြေဆိုသူ ၃၇၈ ဦး၊ ပျက်ကွက် ၂၃ ဦး၊ စုစုပေါင်းဖြေဆိုရန်စာရင်းသွင်းထားသူ ၇၉၂ ဦးရှိသည့်အနက်၊ လာရောက်ဖြေဆိုသူ ၇၄၉ ဦး၊ ပျက်ကွက်သူ ၄၃ ဦးရှိကြောင်း ကျောင်းသား၊ ကျောင်းသူများ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနအသီးသီးတို့၌ တာဝန်ရှိသူများက ကြပ်မတ်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင် (ပြန်/ဆက်)