ပြည် ဒီဇင်ဘာ ၈
၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန် ထမ်းများက ယနေ့ နံနက်ပိုင်းတွင် ပြည်မြို့ မြို့မစည်ပင်သာယာစျေးကြီးနှင့် လူစည်ကားရာ ကားဂိတ်များနှင့် အနှေးယာဉ် ဂိတ်များရှိ ပြည်သူများထံ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်ကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တာဝန်ခံထုတ်ဝေခြင်းဖြစ်ပြီး ယင်းစာစောင်တွင် နိုင်ငံတော် အကြီးအကဲများ၏ အမျိုးသားအောင်ပွဲနေ့ဆိုင်ရာ သဝဏ်လွှာနှင့် မိန့်ခွန်းကောက်နုတ်ချက် များနှင့် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်အပါအဝင် အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်း၊ ဗြိတိသျှတို့ ပြဋ္ဌာန်းသော ကျွန်ပညာရေးဥပဒေ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ စသည့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သိကောင်းစရာ အကြောင်းရာများနှင့် အမျိုးသားအောင်ပွဲနေ့ဆိုင်ရာ ကဗျာ၊ ကာတွန်းနှင့် ဓာတ်ပုံမှတ်တမ်းများ ဝေဝေဆာဆာ ဖော်ပြပါဝင်ကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အနေဖြင့် အမျိုးသားအောင်ပွဲနေ့ အပါအဝင် နိုင်ငံတော်၏ နေ့ထူးနေ့မြတ်များနှင့် နေ့ကြီး ရက်ကြီးများ၏ သမိုင်းဆိုင်ရာအကြောင်းအရာများကို အများပြည်သူကြည့်ရှုလေ့လာနိုင်ရန်နှင့် အမြဲ အမှတ်ရနေစေရန်အတွက် ရည်ရွယ်ထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင်များကို နိုင်ငံ တစ်ဝန်း၌ နှစ်စဉ်အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
မျိုးကျော်ကြီး(ပြန်/ဆက်)