သံတောင်ကြီး ဒီဇင်ဘာ ၈
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ၂၀၂၀ ပြည့်နှစ် ၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး နော်လော်မူနှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် သံတောင်ကြီးမြို့ရှိ ရပ်ကွက်များ ၊ ဈေးဆိုင်များ ၊ လူအသွားအလာများသည့် နေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၀ပြည့် နှစ် ၊နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်၊ နိုင်ငံတော်သမ္မတ နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏မိန့်ခွန်းကောက်နုတ်ချက်များ၊ ဗြိတိသျှတို့ပြဌာန်းသော ကျွန်ပညာရေးဥပဒေ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကိုသပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၊ အမျိုးသားအောင်ပွဲနေ့သမိုင်းအကြောင်း၊ မြင်းမူမောင်နိုင်မိုး၏အမျိုးသားအောင်ပွဲနေ့ သန္နိဌာန်ကဗျာနှင့် ကာတွန်း စသည့်ဗဟုသုတရစေမည့် အကြောင်းအရာများ ပါဝင်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)