ဇီးကုန်းမြို့နယ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် များဖြန့်ဝေ

ဇီးကုန်း ဒီဇင်ဘာ ၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော “၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား” လက်ကမ်းစာစောင်များကို အများပြည်သူများ သိရှိလေ့လာနိုင် ရန်အတွက် ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ် အတွင်း ရှိ ရုံးဌာနများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများကို ယနေ့ နံနက်က လိုက်လံဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ(၉)ရက်နေ့တွင် ကျရောက်သော “နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့” အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် “၂၀၂၀ ပြည့်နှစ် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ နိုင်ငံတော်သမ္မ၏ အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာမှ ကောက်နှုတ်ချက်များ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့သည့် မိန့်ခွန်းများမှ ပညာရေးမြှင့်တင်မှု ကောက်နှုတ်ချက် များ၊ အမျိုးသားအောင်ပွဲနေ့ဖြစ်ပါ်လာပုံ သမိုင်းကြောင်း၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေသော အမျိုးသား အောင်ပွဲနေ့သန္နိဋ္ဌာန်ကဗျာနှင့် ရန်ကုန်ယူနီဗာစတီအက်ဉပဒေကို သပိတ်မှောက်ရန်သစ္စာပြု ကြသော ကျောင်းသားကြီး(၁၁)ဦး တို့ကို” အများပြည်သူ အသိပညာတိုးပွားစေရန်အတွက် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ရုံးဌာနများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ပြည်သူများကို လိုက်လံဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)