ကျိုက်ထိုမြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ပြုလုပ်

ကျိုက်ထို မတ် ၂၀

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ကျို က်ထိုမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ/သင်တန်းကို မတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ကျိုက်ထိုမြို့အခြေခံပညာအထက်တန်းကျောင်း(ရွှေဥဩ)၌ ဖွင့်လှစ်ခဲ့သည်။

ဆွေးနွေးပွဲပြုလုပ်ရာတွင် နည်းပြဆရာ (၃၀)ဦးက စာသင်ခန်း (၁၅)ခန်းရှိ သင်တန်းသား၊ သင်သင်တန်းသူ (၅၇၂)ဦးတို့အား မူလတန်းအဆင့် ဘာသာရပ်များအား ပြန်လည်ရှင်းလင်းဆွေးနွေးပြီး သင်တန်းသား၊ သင်တန်းသူများအား ပြန်လည်ဆွေးနွေးစေခဲ့သည်။

အဆိုပါဆွေးနွေးပွဲအား မတ်လ ၁၈ ရက်နေ့မှ မတ်လ ၂၁ ရက်နေ့ထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ နည်းပြများနှင့် သင်တန်းသားသင်တန်းသူများက အပြန်အလှန်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သင်တန်းကြီးကြပ်ရေးမှူးထံမှ သိရသည်။

ဝင်းမောင်(ကျိုက်ထို)