ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စက္ကူဖြင့် အရုပ်အမျိုးမျိုးခေါက်နည်း သင်တန်းဖွင့်လှစ်

ကျိုက်ထို မတ် ၂၀

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စက္ကူဖြင့် အရုပ်အမျိုးမျိုးခေါက်နည်း သင်တန်းကို မတ် ၁၉ ရက် မွန်းလွဲပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က စာကြည့်တိုက်ဆိုင်ရာ လှုပ်ရှားမှုတစ်ခုအ‌နေဖြင့် နွေရာသီကျောင်းပိတ်ရက်အား လပ်ရက်တွင်လူငယ်၊ လူရွယ်များအားအချိန်ကို အကျိုးရှိစွာအသုံးပြုနိုင်ရန်၊ လက်မှုအတတ်ပညာများကို တတ်မြောက်စေရန် စွမ်းရည်ပြည့်ဝသော နိုင်ငံ့သားကောင်း၊ သမီးကောင်းများဖြစ်လာစေရန်ရည်ရွယ်၍ သင်တန်းကိုဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ရုပ်/သံ ကျွမ်းကျင် (၃) ဒေါ်နီလာအောင်မှ စက္ကူဖြင့် ဆင်ရုပ်၊ ကျားရုပ်၊ ဝက်ရုပ်၊ မြေခွေးရုပ်၊ ဘဲရုပ်၊ သင်္ဘောရုပ်၊ စင်္ကြာပန်းနှင့် ကြာပန်းအရုပ်များပြုလုပ်နည်းကို လက်တွေ့သင်ကြားပြသပေးပြီး အဆိုပါ သင်တန်းသို့ လူငယ်၊ လူရွယ် (၁၅) ဦး တက်ရောက်သင်ယူကြကြောင်း သိရသည်။

ကျိုက်ထို (ပြန်/ဆက်)