လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ဖျားနာကုဆေးခန်းသို့ Oximeter (၅)ခုနှင့် Lunch Box (၂၅)လုံး လာရောက်လှူဒါန်း

လှိုင်သာယာ(အနောက်ပိုင်း) ဒီဇင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အတွင်းရှိ အမှတ်(၁၂) ရပ်ကွက်၊ ဒေသန္တရဆေးခန်းတွင် ဖွင့်လှစ်ထားရှိသည့် လှိုင်သာယာဖျားနာကု (အခမဲ့) ဆေးခန်းသို့ ယမန်နေ့ မွန်းလွဲပိုင်းက Oximeter (၅)ခုနှင့် Lunch Box (၂၅)လုံး လာရောက်လှူဒါန်းခဲ့သည်။

အဆိုပါ လှူဒါန်းရာတွင် ကိုမင်းပိုင်နွန်+မခွာညိုမိသားစု နဝဒေးအိမ်ယာမှ Oximeter (၅)နှင့် ကိုလွင်လွင်ထွန်း+ မနှင်းသဇင်ဝင်း Cho Familyမိသားစု ရွှေကမ်းသာယာအိမ်ယာမှ Lunch Box (၂၅)လုံးတို့ကို လှိုင်သာယာမြို့နယ် ဖျားနာကုဆေးခန်းသို့ လာရောက်လှူဒါန်းခဲ့ပြီး တာဝန်ကျ ဆရာဝန် များမှ လက်ခံရယူကာ ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့သည်။

လှိုင်သာယာဖျားနာကု(အခမဲ့) ဆေးခန်းသည် ဒေသအတွင်းရှိ စက်ရုံအလုပ်ရုံများမှ အလုပ်သမားများနှင့် ရပ်ကွက်/ကျေးရွာအတွင်းရှိ မိဘပြည်သူများအား ယခုလို ကိုဗစ်−၁၉ ကမ္ဘာ့ကပ် ရောဂါဖြစ်ပွား နေစဉ်ကာလအတွင်း ဆေးခန်းအများစုသည် ယခင်အချိန်ကကဲ့သို့ ဖွင့်လှစ်ခြင်း မရှိသောကြောင့် ပြည်သူများအနေဖြင့် Stay at home အမိန့်ထုတ်ပြန်ထားသည့် ယခုလို ကာလအတွင်း မြို့နယ်ဆေးရုံ ကြီးနှင့် လှိုင်သာယာဖျားနာကု (အခမဲ့) ဆေးကုခန်းကိုသာ အားကိုးလျက်ရှိကြရာ နှာချေချောင်းဆိုးခြင်း၊ ဖျားနာခြင်း၊ လည်ပင်းနာခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အသက်ရှူမဝခြင်းနှင့် အနံ့အရသာ ပျောက်ဆုံးသူ များအနေဖြင့် အချိန်တိုအတွင်း ဆေးကုသမူခံယူနိုင်ရန်နှင့် ကိုဗစ်−၁၉ ရောဂါ သံသယရှိသည့် လူနာများကိုလည်း စောလျှင်စွာ ကျန်းမာရေး စောင့်ရှောက်မူခံယူနိုင်ရန်အတွက် မြို့နယ်ဆေးရုံကြီးသို့ ချိတ်ဆက်၍ လွှဲပြောင်းပေးလျက်ရှိရာ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် အတွင်း ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ရန် အတွက်ဖွင့်လှစ်ထားခြင်းဖြစ် ကြောင်း သိရ သည်။

မြသန္တာဝင်း(ပြန်/ဆက်)