မင်္ဂလာဒုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

မင်္ဂလာဒုံ ဒီဇင်ဘာ ၈

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ က ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို လူစည်ကားရာနေရာများဖြစ်သည့် ဧရာဝတီဘဏ်ရှေ့၊ ကားမှတ်တိုင်၊ ဆိုင်ကယ်ကယ် ရီဂိတ်၊ ဈေးတို့ တွင် ပြည်သူများ လက်ဝယ်အရောက် ယနေ့ နံနက်က ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်တွင် ပြည်သူလူထုများ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုသိရှိစေရန်အတွက် လက်ကမ်းစာစောင်တွင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု၊ ပညာရေးမြှင့်တင်မှု၊ အမျိုးသားအောင်ပွဲနေ့ သမိုင်းအကြောင်း၊ ရန်ကုန် ယူနီဗာစီတီအက်ဉပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ ဗြိတိသျှတို့ပြဌာန်းထားသော ကျွန်ပညာရေးဉပဒေ၊ မြင်းမူမောင်နိုင်မိုးရေးသားသော အမျိုးသားအောင်ပွဲနေ့ သန္နိဌာန် ကဗျာနှင့် ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့်အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များကို ဖတ်ချင်စဖွယ် ကဏ္ဍစုံလင်စွာဖော်ပြထားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တာဝန်ခံ၍ အခမဲ့ထုတ်ဝေ ကြောင်း သိရသည်။

မျိုးသန့်(ပြန်/ဆက်)