မြို့နယ်အတွင်းသို့ ဝင်ရောက်လာသော မော်တော်ယာဥ်မောင်းသူများ စနစ်တကျ နှာခေါင်းစည်း (Mask) တပ်ဆင်လာစေရေး တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေး

ဒဂုံတောင် ဒီဇင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းသို့ ဖြတ်သန်း ဝင်ရောက်ကြသော မော်တော်ယာဥ်မောင်းများ စနစ်တကျ နှာခေါင်းစည်း (Mask) တပ်ဆင် လာစေရေး ယနေ့နံနက်(၁၀:၀၀)နာရီက မြို့နယ်အဝင်အထွက် အဓိကနေရာ များတွင် ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရှိရသည်။

ထို့သို့ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်အတွင်းသို့ ဝင်ရောက်လာသော မော်တော်ယာဉ်မောင်း များအား နှာခေါင်းစည်း(Mask)တပ်ဆင်မှုရှိမရှိစစ်ဆေး၍ တပ်ဆင်လာခြင်းမရှိသော မော်တော် ယာဉ်မောင်းများကို အသိပညာပေး အကြောင်းအရာများပြောပြခြင်းနှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ယခုလိုဆောင်ရွက်ခြင်းဖြင့်မြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် ရည်ရွယ်၍ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

အဆိုပါကြည့်ရှုစစ်ဆေးရာတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးနိုင်၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲအောင်နှင့် တာဝန်ရှိသူများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

အိကေသရီ(ပြန်/ဆက်)