တောင်ငူ ဒီဇင်ဘာ ၈
၂၀၂၀ ပြည့်နှစ်၊ နှစ် (၁၀၀) ပြည့် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် အတွဲ(၄)၊ အမှတ်(၇)ကို တောင်ငူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန မှ ဝန်ထမ်းများက အများပြည်သူ အသိပညာ တိုးပွားစေရန် ရည်ရွယ်၍ မြို့မစျေးကြီး၊ ကုန်သည်ကြီးလမ်း၊ စျေးလမ်း၊ နံပါတ် (၆) လမ်း ၊ စျေးဆိုင်များ နှင့် လူနေအိမ်များတွင် ယနေ့နံနက်ပိုင်းက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်၊ အမျိုးသားအောင်ပွဲနေ့ သန္နိဌာန်ကဗျာ၊ အမျိုးသားနေ့သမိုင်းကြောင်း၊ ဗြိတိသျှတို့ ပြဌာန်းသော ကျွန်ပညာရေး ဥပဒေ၊ ရန်ကုန် ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၊ (၉၉) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦး၀င်းမြင့် ထံမှပေးပို့ သည့် သ၀ဏ်လွှာမှ ကောက်နုတ်ချက်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ တက္ကသိုလ်များ ဖွံ့ဖြိုး တိုးတက်မှု နှီးနှောဖလှယ်ပွဲ၌ ပြောကြားသည့် မိန့်ခွန်း ကောက်နုတ်ချက် များပါ၀င်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ခံ ထုတ်ဝေခြင်း ဖြစ်ကြောင်း သိရသည်။
ဇော်ထက် (တောင်ငူ)