၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် (Mask Campaign) ပြုလုပ်

ဒေါပုံ ဒီဇင်ဘာ ၈

၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များကို လူစည်ကားရာ‌ နေရာများ၌ ဖြန့်ဝေခြင်းနှင့် (Mask Campaign) ပြုလုပ်ခြင်းကို ယ‌နေ့ နံနက်(၈)နာရီ အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် ဗိုလ်ထွန်းစံရပ်ကွက်နှင့် မြို့သစ် ရပ်ကွက် များရှိ လူစည်ကားရာနေရာများ၊ ဈေးများ၊ အနှေးယာဉ်ဂိတ်များတွင် ပြည်သူများလက်ဝယ် အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်များထဲတွင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု၊ ရန်ကုန် ယူနီဗာစီတီအက်ဥပ‌ဒေကို သပိတ်မှောက်ရန်သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၊ ပညာရေးမြှင့်တင်မှု၊ ဗြိတိသျှတို့ပြဌာန်း‌သော ကျွန်ပညာရေးဥပဒေ၊ အမျိုးသားအောင်ပွဲ‌နေ့ သမိုင်း ကြောင်း၊ အမျိုးသား‌အောင်ပွဲနေ့ သန္နိဌာန်စသည့် အ‌ကြောင်းအရာများကို ပြည်သူလူထုများ ကျယ်ကျယ် ပြန့်ပြန့် ပိုမိုသိရှိစေရန်အတွက် ဖတ်ချင်စဖွယ် ကဏ္ဍစုံလင်စွာ ဖော်ပြထားခြင်းဖြစ်သည်။

ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်​စေရန်နှင့် ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာပေးအဖြစ် Mask Campaign ပြုလုပ်ဆောင်ရွက်ပြီး Mask အခု(၅၀၀) ကိုအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထို့သို ဆောင်ရွက်မှုတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူး၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးအောင်ဝင်းထွန်း၊ မြို့နယ်ပြန်/ဆက်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖတို့က ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သဲစုစုလွင်(ပြန်/ဆက်)