ရန်ကင်း ဒီဇင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် အတွဲ (၄) အမှတ်(၇)ကို ယနေ့ နံနက် ၇ နာရီက ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသား အောင်ပွဲနေ့ ဦးတည်ချက်၊ အမျိုးသား အောင်ပွဲနေ့ သန္နိဌာန်ကဗျာ၊ အမျိုးသားနေ့ သမိုင်းကြောင်း၊ ဗြိတိသျှတို့ ပြဌာန်းသော ကျွန်ပညာရေး ဥပဒေ၊ ရန်ကုန် ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၊ (၉၉) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော် သမ္မတဦး၀င်းမြင့် ထံမှ ပေးပို့သည့် သ၀ဏ်လွှာမှ ကောက်နုတ်ချက်နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှု နှီးနှောဖလှယ်ပွဲ၌ ပြောကြားသည့် မိန့်ခွန်း ကောက်နုတ်ချက်များ ပါ၀င်ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တာ၀န်ခံ ထုတ်ဝေပြီး၊ အများပြည်သူ အသိပညာ တိုးပွားစေရန်အတွက် ရန်ကင်းမြို့နယ် ကံဘဲ့ဈေးနှင့် ကားမှတ်တိုင်များ၊ လက်ဖက်ရည်ဆိုင်များတွင် ဖြန့်ဝေပေးခဲ့သည်။
ခင်လေး(ပြန်/ဆက်)