မြောက်ဥက္ကလာပမြို့နယ်တွင် နယ်မြေအေးချမ်းလုံခြုံရေးမှုခင်းများ လျော့နည်းကျဆင်းစေရေးအတွက် ယာဉ်စစ်ဆေးခြင်းများဆောင်ရွက်

မြောက်ဥက္ကလာပ ဒီဇင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး နယ်မြေအေးချမ်းလုံခြုံရေး၊  မှုခင်းများလျော့နည်းကျဆင်းရေးနှင့် ပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှ ညစဉ်လှည့်ကင်းများ၊ ယာဉ်စစ်ဆေးခြင်းများကို ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ ည ၁၀ နာရီခွဲက ရွှေပေါက်ကံနယ်မြေ စခန်းမှ စခန်းမှူး ရဲအုပ် ကျော်စွာဝင်းဦးစီး ၍(၅) ဦး၊ (၂၂)ရပ်ကွက် ရာအိမ်မှူး ဦးကျော်ထွေးနှင့် အဖွဲ့ဝင်(၅) ဦးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ရွှေပေါက်ကံမြို့သစ်(၂၂)ရပ်ကွက် ညောင်ရမ်းလမ်းမကြီးပေါ်တွင် ယာဉ်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး Stay at Home နေစဉ်ကာလအတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက် အမှုများနှင့် ဒုစရိုက်မှုများ ကျဆင်းစေရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ပြည်သူ များ၊ ယာဉ်များ၊ မော်တော်ယာဉ်များ အချိန်မတော် သွားလာမှုမရှိစေရေးကို လှည့်ကင်း၊ ပတ်ကင်း၊ ရပ်ကင်းများဖြင့် ညစဉ် မြို့နယ်ရဲတပ်ဖွဲ့မှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)