၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ပြည်သူများ လက်ဝယ်အရောက်ဖြန့်ဝေ

ဒဂုံမြောက် ဒီဇင်ဘာ ၈

ကျွန်ပညာရေးစနစ် ဆိုးကြီးကို ကန့်ကွက်သပိတ်မှောက်သည့် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက် မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့မှ စတင်ခဲ့သော အမျိုးသားအောင်ပွဲနေ့သည် နှစ်တစ်ရာတိုင်ခဲ့ပြီဖြစ်ရာ ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှ ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်များအား အများပြည်သူများ လေ့လာ ဖတ်ရှုနိုင်စေရန် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများ၊ ခရီးသွားပြည်သူများ၊ စျေးရောင်းစျေးဝယ်များ၊ ဆိုက်ကားဂိတ်များ၊ ကားမှတ်တိုင်များတွင် ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်တွင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပ‌ဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၊ ပညာရေးမြှင့်တင်မှု၊ ဗြိတိသျှတို့ ပြဋ္ဌာန်း‌သော ကျွန်ပညာရေးဥပဒေ၊ အမျိုးသားအောင်ပွဲ‌နေ့ သမိုင်းကြောင်း၊ အမျိုးသား‌အောင်ပွဲနေ့ သန္နိဋ္ဌာန် ကဗျာ၊ ကာတွန်း စသည့်အ‌ကြောင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ကဏ္ဍစုံလင်စွာ ဖော်ပြထားကြောင်း သိရသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)