မြောက်ဥက္ကလာပမြို့နယ်တွင် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

မြောက်ဥက္ကလာပ ဒီဇင်ဘာ ၈

၂၀၂၀ပြည့်နှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျရောက်မည့် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်အတွဲ (၄) အမှတ် (၇)ကို ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်၊  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (ဃ)ရပ်ကွက် မေဓာဝီဈေးရှိ ဈေးရောင်းဈေးဝယ် ပြည်သူများ၊ ဆိုက်ကားဂိတ်၊ ကားဂိတ်များနှင့် လမ်းဆုံများတွင် လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရပါသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် (၉၉)နှစ်မြောက် အမျိုးသား‌ အောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်၊ (၁၆.၁၀.၂၀၁၉) ရက်နေ့တွင် တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှု နှီးနှောဖလှယ်ပွဲ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်‌ ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ ဗြိတိသျှတို့ပြဋ္ဌာန်းသော ကျွန်ုပညာရေး ဥပဒေ၊ အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်း၊ အမျိုးသားအောင်ပွဲနေ့ သန္နိဋ္ဌာန်၊ ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များနှင့် အမျိုးသားနေ့ ကာတွန်းများ ပါရှိကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် (၁၀၀၀၀၀) အား တာဝန်ခံ၍ အခမဲ့ ထုတ်ဝေပေးကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)