မြောက်ဥက္ကလာပ ဒီဇင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြိုနယ်တွင် ကိုဗစ်-၁၉ ရောဂါ ရှိသူများနှင့်ဆက်စပ်သူများ ထားရှိသည့် အ.ထ.က(၅) Quarantine Centre တွင် Quarantine ဝင်ရောက်နေသူများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပရဟိတအဖွဲ့များ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ရှိ/မရှိ Swab ယူစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၁နာရီက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အ.ထ.က(၅)ကျောင်း Quarantine Centre တွင် Quarantine ဝင်ရောက်နေသူ (၄၈)ဦးကို Swab ယူစစ်ဆေးရာ (၄)ဦးတွင် ကိုဗစ်-၁၉ ရောဂါ Positive ထွက်ရှိသည်ကို တွေ့ရှိရ၍ အဆိုပါ (၄)ဦးကို တိုင်းကျန်းမာရေး အစီအစဉ်ဖြင့် သက်ဆိုင်ရာ ကုသရေး ဆေးရုံများသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါမရှိ၍ နေအိမ်သို့ အသီးသီး ပြန်ရမည့်သူ (၄၄)ဦးအား မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ပရဟိတအဖွဲများ ပူးပေါင်း၍ ယာဉ်များဖြင့် ယနေ့ ညနေပိုင်း တွင် နေအိမ်များသို့ ပြန်လည်ပို့ဆောင်သွားမည် ဖြစ်ကြောင်းသိရသည်။
မြမြဝင်း (ပြန်/ဆက်)