ထန်းတပင် (ပဲခူး) ဒီဇင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် အတွင်းရှိ လူစည်ကားရာနေရာများ ဖြစ်သော ဈေးများတွင် နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲ နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၀ ပြည့်နှစ် နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော် သမ္မတ ဦးဝင့်မြင့်ထံမှ ပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်ဖြစ်သည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ရန်ကုန်ယူနီဗာစတီအက်ဉပဒေကို သပိတ်မှောက်ရန် သစ္စာအဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး အမျိုးသား အောင်ပွဲနေ့သမိုင်းကြောင်း ဗြိတိသျှတို့ပြဌာန်းသော ကျွန်ပညာရေး ဉပဒေ အမျိုးသားအောင်ပွဲနေ့ သနိ္နဌာန် အမျိုးသားနေ့ကာတွန်းများ ပါဝင်သည့် သတင်းစကား လက်ကမ်းစာစောင် (၂၄၅)စောင်ကို အခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)