သဲကုန်းမြို့နယ်၌ Quarantine ထားရှိသူ (၈၇)ဦးအား  RDT test kit ဖြင့်စစ်ဆေး 

သဲကုန်း  ဒီဇင်ဘာ   ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ Quarantine ထားရှိသူများအနက်မှ (၇၃)ဦး၏ Swab နမူနာများအား (၂၉)ကြိမ်မြောက် ဓာတ်ခွဲခန်းစစ်ဆေးရန် ယနေ့ နံနက်ပိုင်းက ရယူခဲ့ ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ FQC များတွင် စောင့်ကြည့်အဖြစ်ထားရှိသည့် ရန်ကုန်မြို့မှပြန်လာသူ (၆၃)ဦး၊ ထိုင်းနိုင်ငံမှပြန်လာသူ(၁)ဦး၊မန္တလေးမှပြန်လာသူ(၃)ဦး၊ ပုသိမ်မှ ပြန်လာသူ(၂)ဦး၊ ပိုးတွေ့လူနာနှင့်ထိစပ်ခဲ့သူ(၃)ဦး၊ အနံ့မရသူ(၁)ဦး စုစုပေါင်း (၇၃)ဦး တို့အား RDT test kit ဖြင့် စစ်ဆေးကာ ရလဒ်များကို စစ်ဆေးသည့် ညနေပိုင်းတွင် အမြန်ဆုံး ထုတ်ပြန်နိုင်အောင်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်​ပြီး Positive ထွက်ရှိသည့် လူနာများအား ပြည်သူ့ဆေးရုံသီးခြားဆောင်သို့ခေါ်ယူ၍ ဆေးကုသမှု ပေးသွားမည် ဖြစ်ကြောင်း နှင့် Negative ထွက်ရှိသောသူများ၏ ရလဒ်များကို သေချာမှုရှိစေရန် ရန်ကုန်သို့ပို့ပြီး RTPCR နည်းဖြင့် ဒုတိယအကြိမ်ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရှိရ သည်။

နိုင်လင်း (သဲကုန်းပြန်/ဆက်)