ကျိုက်မရော ဒီဇင်ဘာ ၈
မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၈ နာရီ ခန့်က ကျိုက်မရောမြို့အတွင်းရှိ လူစည်ကားရာ နေရာများ၌ဖြန့်ဝေ ပေးခဲ့ကြသည်။
အဆိုပါ ၂၀၂၀ ပြည့်နှစ် ၊ နှစ်တစ်ရာပြည့် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်တွင် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် တို့၏ မိန့်ခွန်းကောက်နှုတ် ချက်များ၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာခြင်း သမိုင်းကြောင်းနှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ ဗြိသိသျှတို့ ပြဌာန်းထားသော ကျွန်ပညာရေး ဥပဒေ၊ မြင်းမူ မောင်နိုင်မိုး၏ အမျိုးသား အောင်ပွဲနေ့ သန္ဒိဌာန်ကဗျာနှင့် အခြားဗဟုသုတဖြစ်ဖွယ် အကြောင်း အရာများကာတွန်းများ၊ ဆောင်ပုဒ်များ ပါရှိကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ ဆက်)