ရေတာရှည်မြို့နယ်တွင် လယ်ယာသုံးစက်ကိရိယာ ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်

ရေတာရှည် ဒီဇင်ဘာ  ၈

ပဲခူးတိုင်း​ဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်တွင် လယ်ယာသုံးစက်ကိရိယာပြုပြင်ထိန်းသိမ်း ခြင်း သင်တန်းကို နေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တောင်ငူခရိုင် ကျေးလက်ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစိုးနိုင်က သင်တန်းဖွင့်လှစ်ရ ခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသူ က လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်း ဆောင်ရွက်ရာတွင် ယခုကဲ့သို့သော သင်တန်းသည်များစွာ အကျိုးရှိသည်ဖြစ်၍ ကြိုးစားသင်ယူကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန်းဦးက သင်ကြားပို့ချမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားသည်။      

ဆက်လက်၍ မြို့နယ်ကျေးလက်ဦးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရန်နိုင်ညွန့်က သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။ သင်တန်းကာလမှာ ရက် ၂၀ ကြာမြင့်မည်ဖြစ်ပြီး သင်တန်းသား ၂၀ ဦး တက်ရောက်ကြောင်း သိရသည်။

ဆု(ပြန်/ဆက်)