သံဖြူဇရပ် မတ် ၂၂
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းတွင် ၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ် ကျောင်းသား/သူများ၏ ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ သံဖြူဇရပ် မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများက “အေးချမ်းတဲ့ မွန်မြေ” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး၊ တက်ရောက်လာကြသည့် မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ညွန်ကြားရေးမှူး ဒေါ်ယဥ်ယဥ်ပြုံးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သံဖြူဇရပ်မူလမူလတန်းကြိုကျောင်းမှ ကျောင်းဆင်းမည့် ရင်သွေးငယ် (၁၃၂) ဦးတို့အား ကျောင်းဆင်းဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်ကလေးများ ပဒေသာအကများဖြင့် ဖျော်ဖြေတင်ဆက်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)