အင်းစိန်ဆေးရုံကြီး၊ ဖျားနာဆောင်တွင် တက်ရောက်ကုသမှု ခံယူနေရသော လူနာများနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် အသင့်စားသုံးနိုင်သည့် ထမင်းဘူး(၁၅၀)နှင့် အလှူငွေများလှူဒါန်း

ရန်ကုန် ဒီဇင်ဘာ၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)၊ ဖျားနာဆောင် တွင် တက်ရောက်ကုသမှုခံယူနေရသော လူနာများနှင့်ကျန်းမာရေး ဝန်ထမ်းများအတွက် အသင့်စားသုံး နိုင်သည့် ထမင်းဘူး(၁၅၀)နှင့် အလှူငွေများကို ယမန်နေ့ နံနက်ပိုင်းက အထွေထွေရောဂါကုဆေးရုံကြီး (အင်းစိန်) တွင် လှူဒါန်းခဲ့ ကြောင်း သိရသည်။

အင်းစိန်ဆေးရုံကြီး၊ ဖျားနာဆောင်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် အသုံး ပြုနိုင်စေရန် သျှင်လွန်းနှင့် သူငယ်ချင်းများမှ နေ့လယ်စာ အသင့်စားသုံးနိုင်သည့် အာဟာရဒါန ထမင်းဘူး(၁၅၀)နှင့် အလှူငွေကျပ်(၂)သောင်းခွဲကို လှူဒါန်းရာ အင်းစိန် အထွေထွေရောဂါကုဆေးရုံကြီးမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ် အတွင်းတွင် ဖျားနာကုဆေးခန်း(၁)ခုနှင့် ကန့်သတ်စောင့်ကြည့်စင်တာ(၆)ခု ဖွင့်လှစ်ထားရှိပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပရဟိတအသင်းစုံမှ Volunteers (၇၀)ဦးနှင့် Ambulances(၁၃)စီးဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)