တောင်ဥက္ကလာပမြို့နယ် နန္ဒဝန်ဈေး၌ ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

တောင်ဥက္ကလာပ ဒီဇင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်ရှိ နန္ဒဝန်ဈေး၌ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျရောက်မည့် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်၍ ပြည်သူများ ဗဟုသုတရရှိစေရန် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဈေးသူဈေးသားများနှင့် ဈေးဝယ်သူများအား ဖြန့်ဝေပေးခဲ့သည်။

၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စောင်ရေ (၁၀၀၀၀၀) အခမဲ့ ထုတ်ဝေ၍ အမြို့မြို့အနယ်နယ်ရှိ ပြည်သူများ ဗဟုသုတရရှိစေရန် ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်တွင် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်၊ အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်း၊ နိုင်ငံတော်အကြီးအကဲများ၏ သဝဏ်လွှာနှင့် မိန့်ခွန်းကောက်နုတ်ချက်များ၊ ပညာရေးနှင့် သက်ဆိုင်သော ဥပဒေများ၊ ကဗျာ၊ ကာတွန်းနှင့် ဓာတ်ပုံများ ဖော်ပြပါရှိကြောင်း သိရသည်။

နေထက်အောင်