လှည်းကူး ဒီဇင်ဘာ ၈
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်ရှိ ငြိမ်းချမ်းပန်းခြံအတွင်း ပြည်သူများ အေးချမ်းစွာ အပန်းဖြေရာတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရန် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ပြည်သူများသို့ မေတ္တာရပ်ခံချက်ဗီနိုင်းများအား ပန်းခြံအဝင်ရှေ့တွင် တပ်ဆင်ထားကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါသည် လူစုလူဝေး များပြားရာနေရာများတွင် ကူးစက်ပြန့်ပွားနိုင်သည့် ရောဂါမျိုး ဖြစ်သဖြင့် အဆိုပါပန်းခြံအတွင်း အေးချမ်းစွာ လာရောက်အပန်းဖြေကြသူများ များပြားလာသောကြောင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ လိုက်နာတက်စေရန်နှင့် ပန်းခြံအတွင်းသို့ မဝင်ရောက်မီ လက်များ ကိုဆေးကြောသန့်စင်နိုင်ရန် လက်ဆေး Hand Gel များ ဆေးကြောပေးခြင်း၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်ပြီးမှ ဝင်ရောက်စေခြင်း၊ ပန်းခြံအတွင်း သတ်မှတ်ဦးရေထက် လူစုလူဝေးမလုပ်ခြင်း စသည့် အချက်များပါဝင်သည့် ပြည်သူများသို့မေတ္တာရပ်ခံချက် အသိပညာပေး ဗီနိုင်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်လာစေရန် ရည်ရွယ်ချက်ဖြင့် တပ်ဆင်ထားကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)