ဗိုလ်တထောင် ဒီဇင်ဘာ ၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်(၉:၀၀)နာရီအချိန်တွင် ဘိုကလေးဈေးနှင့် လင်းစဒေါင်းပျံကျဈေးများတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကား အသိပညာပေး လက်ကမ်းစာစောင်တွင် ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်၊ (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နှုတ်ချက်၊ တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှု နှီးနှောဖလှယ်ပွဲ၌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့်မိန့်ခွန်းမှ ကောက်နှုတ်ချက် အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်း၊ ဗြိတိသျှတို့ ပြဌာန်းသောကျွန်ပညာရေး ဥပဒေ၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦးနှင့် ကဗျာဆရာမြင်းမူမောင်နိုင်မိုး၏ “အမျိုးသားအောင်ပွဲနေ့သန္နိဋ္ဌာန်” ကဗျာ စသည့် အကြောင်းအရာများ ပါဝင်ပြီး လေ့လာသိရှိစေနိုင်ရန်နှင့် ရာပြည့်အမျိုးသားအောင်ပွဲနေ့မှသည် တိုင်းရင်းသားအားလုံး ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး တည်ဆောက်နိုင်စေရန် ရည်ရွယ်၍ ဈေးများ၊ ကားမှတ်တိုင်များနှင့် လူစည်ကားရာ နေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သိန်းသိန်း(ဗိုလ်တထောင်)