မင်္ဂလာဒုံ ဒီဇင်ဘာ ၈
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်စစ်ဆေးရေးဂိတ်တွင် တာဝန်ကျ ကျန်းမာရေး တာဝန်ရှိသူများက မော်တော်ယာဉ် (၁၈၄)စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို ကိုဗစ်-၁၉ ဓာတ်ခွဲ စစ်ဆေးခြင်း၊ ပိုးတွေ့သူများနေထိုင်သည့် ရပ်ကွက်များတွင် ပိုးသတ်ဆေးများဖြန်းခြင်း၊ အမှိုက်များကို ပိုးသတ်ပြီးစနစ်တကျ စွန့်ပစ်ခြင်းတို့ကို ပရဟိတအဖွဲ့များက ယမန်နေ့က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီက နေ့စဉ်ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ စစ်ဆေးရေး ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့်၍ ဆောင်ရွက်ရာတွင် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်စစ်ဆေးရေးဂိတ်တွင် ဒီဇင်ဘာ (၇)ရက်နေ့ နံနက်(၈) နာရီမှ ညနေ(၅)နာရီထိ မော်တော်ယာဉ်(၁၈၄)စီးမှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၄၆၅)ဦးတို့ကို တာဝန်ကျ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ဓာတ်ခွဲ စစ်ဆေးမှုဆောင်ရွက်ခဲ့ရာ ပိုးတွေ့သူ(၇)ဦး နှင့် ထိတွေ့သူ(၄)ဦးရှိကြောင်း သိရပြီး ပိုးတွေ့သူများ နေထိုင်သည့် ရပ်ကွက်များရှိ လမ်းများနှင့် အိမ်များ ကို ပိုးသတ်ဆေးဖျန်းခြင်း၊ အမှိုက်များကို ပိုးသတ်ပြီးစနစ်တကျ ပရဟိတအဖွဲ့များက စွန့်ပစ်ခဲ့ကြ ကြောင်း သိရသည်။
မျိုးသန့်(ပြန်/ဆက်)