မော်လမြိုင်ခရိုင် ရေးမြို့နယ် လမိုင်းမြို့၌ မသန့်စွမ်းမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

လမိုင်း  ဒီဇင်ဘာ

မွန်ပြည်နယ် မော်လမြိုင်ခရိုင်  ရေးမြို့နယ် လမိုင်းမြို့၌ လူတိုင်းအကျုံးဝင် အဆောက်အဦ ဒီဇိုင်းများ ပေါ်ပေါက်ရေး မသန့်စွမ်းမှုဆိုင်ရာ ပညာပေးဟောပြောပွဲ အခမ်းအနားကို လမိုင်းမြို့ အ.ထ.ကကျောင်း တေဇဆောင်ခန်းမ၌ ယမန်နေ့နံနက် (၉)နာရီ၌ကျင်းပပြု လုပ်ခဲ့သည်။

အခမ်းအနားတွင် လမိုင်းမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးညီညီမင်းက အဖွင့်အမှာစကားပြောကြားပြီး အ.ထ.ကကျောင်းအုပ်ကြီး ဦးမင်းဗလာမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောခြင်း၊ ရေးမြို့နယ် ပညာရေးမှူး ဦးမင်းဌေးဦးမှ မုဒိတာစကားဆွေးနွေးပြောကြားပြီး အလယ်တန်းပြ ဆရာမ ဒေါ်ခင်မော်ဦးမှကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် လမိုင်းမြို့ မသန့်စွမ်းမှုဆိုင်ရာတာဝန်ခံ ဦးဇော်ထွန်းဦးမှ ရုံးခွဲဖြစ်ပေါ်လာပုံနှင့် ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်အား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပြီး  အခမ်းအနား သို့ဌာနဆိုင်ရာများ၊ မသန့်စွမ်းသူများ စုစုပေါင်း (၃၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

လမိုင်း(ပြန်/ဆက်)