မော်လမြိုင်ခရိုင် လမိုင်းမြို့၌ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်း စကား လက်ကမ်းစာစောင်များဖြန့်ဝေ

လမိုင်း ဒီဇင်ဘာ ၈


မွန်ပြည်နယ် မော်လမြိုင်ခရိုင် လမိုင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယနေ့ နံနက် (၉) နာရီခန့်က  လမိုင်းမြို့ရှိ လူစည်ကားရာ နေရာများ၌ ဖြန့်ဝေခဲ့ကြောင်းသိရသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင်  ၂၀၂၀ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသား အောင်ပွဲနေ့ဦးတည်ချက်၊ အမျိုးသား အောင်ပွဲနေ့သမိုင်းကြောင်း၊ (၉၉)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နှုတ်ချက်၊ တက္ကသိုလ်များဖွံ့ဖြိုးတိုးတက်မှု နှီးနှောဖလှယ်ပွဲ၌ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နှုတ် ချက်၊ ဗြိတိသျှတို့ ပြဋ္ဌာန်းသော ကျွန်ပညာရေးဉပဒေ၊ ကဗျာဆရာ မြင်းမူမောင်နိုင်မိုး၏ “အမျိုးသား အောင်ပွဲနေ့ သန္နိဋ္ဌာန်”ကဗျာ စသည့် အကြောင်းအရာများ ပါဝင်ပြီး ပြည်သူအများ လေ့လာ သိရှိစေရန်နှင့် တိုင်းရင်းသား အားလုံး ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ပြည်ထောင်စု ငြိမ်းချမ်း ရေးတည်ဆောက်နိုင်စေရန် ရည်ရွယ်၍ ဖြန့်ဝေ ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

လမိုင်း(ပြန်/ဆက်)