မော်လမြိုင် ဒီဇင်ဘာ ၈
၂၀၂၀ပြည့်နှစ်၊နှစ်တစ်ရာပြည့်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ်အမျိုးသားအောင်ပွဲနေ့ပေါ်ပေါက်လာပုံအကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၁၀ နာရီက မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးပေးကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝါဝါလွင်ကနှစ်တစ်ပြည့်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အသိပညာပေးTalk Showဆောင်ရွက် ရခြင်း ရည်ရွယ်ချက်ကို ဦးစွာရှင်းလင်းပေးသည်။ ထို့နောက် မော်လမြိုင်မြို့နယ် စာရေးဆရာအသင်းမှ တက္ကသိုလ်မင်းကျော်သူက အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊မျိုးဆက်သစ်လူငယ် များအတွက် ပညာရေးဆိုင်ရာအသိပညာ အားကျအတုယူဖွယ်များနှင့် တင်အောင်စန်း (မော်လမြိုင်) က တက္ကသိုလ်အက်ဥပဒေနှင့်ပတ်သက်သည့်အကြောင်းအရာများကို အသေးစိတ် ဆွေးနွေးပေးသည်။
အဆိုပါ နေ့ထူးနေ့မြတ်နှင့်ဆိုင်သည့် အသိပညာပေးTalkShowများကို ကျောင်းသား၊လူငယ်များ အသိ ပညာ ရရှိ စေဖို့ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှသိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)