သထုံမြို့နယ်၌ ‌နွေရာသီအ‌ခြေခံပန်းချီနှင့် ဂီတသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

သထုံ မတ် ၂၄

မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်ရှိ ‌ကြေးသွန်းဘုရား၀င်းအတွင်း၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် အခမဲ့ဖွင့်လှစ်ခဲ့သည့် အခြေခံပန်းချီရေးဆွဲနည်းနှင့် ဂီတသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါဘုရားဝင်းအတွင်း၌ ကျင်းပပြုလုပ်သည်။

သင်တန်းဆင်းပွဲတွင် သင်တန်းကြီးကြပ်အဖွဲ့မှ တာဝန်ရှိသူတို့နှင့် ပန်းချီ၊ ဂီတနည်းပြတို့က သင်တန်းဖွင့်လှစ်ပေးခဲ့ရသည့် ရည်ရွယ်ချက်နှင့် စဉ်ဆက်မပြတ်လေ့လာသင်ယူခြင်းဖြင့် တတ်မြောက်ထားသည်တို့ကို အရည်အသွေးမြှင့်တင်ကြရေး ဆွေးနွေးပြောကြားခဲ့ကြပြီး ပန်းချီနှင့် ဂီတဘာရပ်အလိုက် ဆုရရှိကြသူတို့အား ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါသင်တန်းကို မတ်လ ၃ ရက်နေ့မှ ၂၃ ရက်နေ့အထိ မွန်းလွဲ ၃ နာရီမှ ၅ နာရီအတွင်း နေ့စဉ်ဖွင့်လှစ်ခဲ့ပြီး ပန်းချီပညာရှင် နည်းပြငါးဦးနှင့် ဂီတပညာရှင်တစ်ဦးတို့က အခြေခံပန်းချီစနစ်တကျရေးဆွဲနည်းနှင့် ဂီတပညာအခြေခံတို့ကို အခမဲ့သင်ကြားပေးခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူ (၁၈၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)