တောင်တွင်းကြီး ဒီဇင်ဘာ ၈
၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ(၉)ရက်၊ ၁၃၈၂-ခု တန်ဆောင်မုန်း လပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်မည့် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သတင်း စကား လက်ကမ်းစာစောင်အတွဲ (၄) အမှတ် (၇)ကို မကွေးတိုင်းဒေသကြီး၊ ဝောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့လယ်လမ်းဆုံတွင် လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရပါသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၉၉)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်၊ (၁၆.၁၀.၂၀၁၉) ရက်နေ့တွင် တက္ကသိုလ်များဖွံ့ဖြိုးတိုးတက်မှု နှီးနှော ဖလှယ်ပွဲ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန်သစ္စာဆို အဓိဋ္ဌာန် ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ ဗြိတိသျှတို့ပြဋ္ဌာန်းသော ကျွန်ုပညာရေးဥပဒေ၊ အမျိုးသား အောင်ပွဲနေ့ သမိုင်းကြောင်း၊ အမျိုးသားအောင်ပွဲနေ့ သန္နိဋ္ဌာန်၊ ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များနှင့် အမျိုးသားနေ့ ကာတွန်းများ ပါရှိကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့်အမျိုးသားနေ့ အထိမ်း အမှတ် သတင်းစကားလက်ကမ်းစာစောင် (၁၀၀၀၀၀) အား တာဝန်ခံ၍အခမဲ့ ထုတ်ဝေပေး ကြောင်းသိ ရသည်။
မြို့နယ်(ပြန်/ဆက်)