ဆိပ်ဖြူမြို့နယ်တွင် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ထုတ်ချေးပေး

ဆိပ်ဖြူ    ဒီဇင်ဘာ ၈

မကွေးတိုင်းဒေသကြီး ၊ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၀ -၂၀၂၁ခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်သော တောင်သူများ အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးနေကြောင်းသိရသည်။

၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ် ဆိပ်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ခွဲ)က ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေကို ကျေးရွာအုပ်စု(၂၀)မှ တောင်သူ (၁၀၅၀) ဦး၏ စပါး (၂၀)ဧကတစ်ဧကလျှင် တစ်သိန်းခွဲကျပ်နှုန်း ၊အခြားသီးနှံအတွက် တစ်ဧကလျှင် တစ်သိန်းကျပ်နှုန်းဖြင့် ငွေကျပ်သိန်းပေါင်း (၄၉၀၀) ကျပ်ကို ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများသို့ သတ်မှတ်စည်းကမ်းများနှင့်အညီ ထုတ်ချေးပေးရန် လျာထားဆောင်ရွက်ထားရှိခဲ့ပြီး၊ နိုဝင်ဘာလ ၁၂ ရက်နေ့မှ စတင်ထုတ်ချေး ပေးခဲ့ရာ လက်ရှိအချိန်တွင် ကျေးရွာအုပ်စု (၇)အုပ်စုမှ တောင်သူ (၂၅၀) ဦး ၊အခြားသီးနှံ စိုက်ဧက (၁၃၉၅) ဧကအတွက် ကျပ်သိန်း (၁၃၉၅) သိန်းကို ထုတ်ချေးပြီးစီးခဲ့ပြီး ကျန်ရှိကျေးရွာအုပ်စုများမှ တောင်သူများကို  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုထိန်းချုပ် ကာကွယ်ရေး နည်းလမ်းများနှင့်အညီ သတ်မှတ်ရက်များ တွင်အပြီးထုတ်ချေးသွားမည်ဖြစ်ကြောင်း ဆိပ်ဖြူမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ခွဲ) တာဝန်ရှိ သူထံမှသိရှိရသည်။            

ကိုဇွဲ (အညာမြေ)