ပခုက္ကူ ဒီဇင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မြို့မဈေးရှိ ဈေးသူ/သားများထံ ၂၀၂၀ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက် ၁၀ နာရီက အခမဲ့ လိုက်လံဖြန့်ဝေကြသည်။
အဆိုပါ လက်ကမ်းစာစောင်များကို ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဝင်းမေ နှင့်ဝန်ထမ်းများက အမျိုးသားအောင်ပွဲနေ့သမိုင်းအကြောင်း၊ ၂၀၂၀ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသား အောင်ပွဲနေ့ ဦးတည်ချက်များ၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအနှစ်သာရ၊ ရန်ကုန်ယူနီဗာစီတီအက် ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဋ္ဌာန်ပြု ကြသော ကျောင်းသားကြီး (၁၁) စာရင်း၊ ပညာရေးမြှင့်တင်မှု၊ ဗြိတိသျှတို့ ပြဋ္ဌာန်းသော ကျွန်ပညာရေးဥပဒေစသည့် အကြောင်း အရာအချက် အလက်များပါဝင်သည့် ၂၀၂၀ပြည့်နှစ်၊ နှစ်တစ်ရာ ပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်း စကား လက်ကမ်းစာစောင် (၂၀၀) စောင်ကို ပခုက္ကူမြို့မဈေးအတွင်း ဝင်ထွက်သွားလာကြသည့် ဈေးသူ/ ဈေးသားများထံ အခမဲ့လိုက်လံ ဖြန့်ဝေကြခြင်းဖြစ်သည်။
ထို့အပြင် ကိုဗစ်-၁၉ကာလအတွင်း ဒေသခံပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာသွားလာရာတွင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာရေး အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)