ရန်ကုန် ဒီဇင်ဘာ ၈
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်လက်ကမ်းစာစောင်များအား လူစည်ကားရာနေရာများ၌ ဖြန့်ဝေဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက လူစည် ကားရာနေရာများ ဖြစ်သည့် ကားဂိတ်၊ ဆိုက်ကားဂိတ်၊ ဈေးဆိုင်များ၊ ပညာရေးမှူးရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မီသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် လမ်းသွားလမ်းလာပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်များထဲတွင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု၊ ရန်ကုန်ယူနီ ဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၊ ပညာရေးမြှင့်တင်မှု၊ ဗြိတိသျှတို့ပြဌာန်းသော ကျွန်ပညာရေးဥပဒေ၊ အမျိုးသားအောင်ပွဲ နေ့သမိုင်း ကြောင်း၊ အမျိုးသားအောင်ပွဲနေ့သန္နိဌာန်စသည့် အကြောင်းအရာများကို ပြည်သူလူထုများ ကျယ်ကျယ် ပြန့်ပြန့် ပိုမိုသိရှိစေရန်အတွက် ကဏ္ဍစုံလင်စွာဖော်ပြပါရှိကြောင်း သိရသည်။
ကြည်ဇေသော် (ပြန်/ဆက်)