အလုံမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်းစာစောင် ပြည်သူများသို့ အသိပညာပေး ဖြန့်ဝေ

အလုံ ဒီဇင်ဘာ ၈

ရန်ကုန်အနောက်ပိုင်း၊ အလုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက လူစည်ကားရာ နေရာများတွင် ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

ထိုသို့ဖြန့်ဝေရာတွင် အလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်း များက  အလုံမြို့နယ်ဆင်မင်းဈေး၊ ကားမှတ်တိုင်နှင့်  လူစည်ကားရာ နေရာများတွင် ဖြန့်ဝေပေး ခဲ့ပြီး အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသား အောင်ပွဲနေ့ ဦးတည်ချက်များ၊ (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံမှ ပေးပို့သည့် သဝဏ်လွှာ ကောက်နုတ်ချက် ဖြစ်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ် မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦးအမည် ဖော်ပြချက်၊ (၁၆-၁၀-၂၀၁၉) ရက်နေ့တွင် တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှု နှီးနှောဖလှယ်ပွဲ၌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက် ဖြစ်သည့် ပညာရေးမြှင့်တင်မှု၊ ဗြိတိသျှတို့ပြဌာန်းသော ကျွန်ပညာရေးဥပဒေ၊ အမျိုးသား အောင်ပွဲနေ့ သမိုင်းကြောင်း၊ မြင်းမူမောင်နိုင်မိုး ရေးစပ်သီကုံးသည့် အမျိုးသား အောင်ပွဲနေ့ သန္နိဌာန် ကဗျာဖော်ပြချက်များ၊ အထိမ်းအမှတ်ဆောင်ပုဒ်များပါဝင်သည်။

 တင်တင်ချို