ကျောက်တံခါးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ကျောက်တံခါး ဒီဇင်ဘာ ၈


ပဲခူးခရိုင်၊​ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် သတင်းစကားလက်ကမ်းစာစောင် အတွဲ(၄)၊ အမှတ်(၇)ကို ​ကျောက်တံခါး မြို့မဈေးနှင့် ဒဂုံ-မန်းလမ်းတို့တွင် ယမန်နေ့က  အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အဆိုပါစာစောင်တွင် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသား အောင်ပွဲ နေ့ သမိုင်းကြောင်း၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု၊ ပညာရေးမြှင့်တင်မှု၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး ၁၁ ဦး၊ ဗြိတိသျှတို့ ပြဋ္ဌာန်းသော ကျွန်ပညာရေးဥပဒေ၊ အမျိုးသားအောင်ပွဲနေ့ သန္နိဋ္ဌာန်ကဗျာ စသည့် ဗဟုသုတဆိုင်ရာ များပါဝင်ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ခံထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အများပြည်သူ အသိပညာတိုးပွားစေ ရန်အတွက်  ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စန်းစန်း(ပြန်/ဆက်)