ညောင်လေးပင် ဒီဇင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် တောင်သူများ တစ်ပိုင်တစ်နိုင် မိသားစု ဝင်ငွေရစိုက်ပျိုးထားသည့် သီးနှံများနှင့်ဆောင်သီးနှံ စိုက်ပျိုးထားရှိမှု အခြေအနေအား ယမန်နေ့ ညနေ ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် စိုက်ပျိုးရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးဝင်း၊ မြို့နယ် ဦးစီးမှူး ဦးစိုးနိုင်နှင့် တာဝန်ရှိသူများက အိမ်တွင်မိသားစု တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် ခရမ်း၊ ဂေါ်ဖီ၊ ငရုတ်၊ ဘူး၊ ဖရုံ၊ ကြက်ဟင်းခါး စသည့်သီးနှံများ စိုက်ပျိုးထားရှိမှုနှင့် ဆောင်းသီးနှံ ပဲမျိုးစုံနှင့် ဖရဲစိုက်ပျိုးထားရှိ မှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ညောင်လေးပင်မြို့နယ်တွင် ဆောင်းသီးနှံပဲမျိုးစုံ စိုက်ဧက ၁၂၂၀၀၀ ကျော် လျာထားချက် ပြည့်မီအောင် စိုက်ပျိုးပြီးဖြစ်ကြောင်း၊ ဖရဲစိုက်ဧက ၃၇၀၀ ကျော် လျာထားပြီး ဧက ၃၀၀၀ ကျော် စိုက်ပျိုးပြီးဖြစ်ကာ ဖရဲဈေးကောင်းသည့်အတွက် လျာထားချက် ပိုမိုစိုက်ပျိုးသွားမည် ဖြစ် ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သက်လွင်(ညောင်လေးပင်)