ဒဂုံ(အရှေ့) ဒီဇင်ဘာ ၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ထုတ်ဝေသော ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား အများပြည်သူများ လေ့လာဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ယနေ့ နံနက် ၈နာရီ အချိန်က ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ခရီးသွားပြည်သူများ၊ စျေးရောင်းစျေးဝယ်များ၊ ဆိုက်ကားဂိတ်များ၊ ကားမှတ်တိုင်များ တွင် ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့် သဝဏ်လွှာ ကောက်နုတ်ချက်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၊ မြင်းမူမောင်နိုင်မိုးရေးသားထားသည့် အမျိုးသားအောင်ပွဲနေ့ သန္နိဋ္ဌာန်၊ အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်း အစရှိသည့် အကြောင်း အရာများ ပါရှိကြောင်း သိရသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်အတွင်းရှိ အများပြည်သူများ လက်ဝယ် အရောက်ဖြန့်ဝေပေးခဲ့သည့်အပြင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန စာကြည့်တိုက်လာပြည်သူများ ဖတ်ရှုလေ့လာနိုင်စေရန် ထားရှိပေးထားကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)