ဘားအံတက္ကသိုလ်၌ အကြိုအခြေခံမီးသတ်ပညာသင်တန်းဖွင့်လှစ်

ဘားအံ မတ်  ၂၅

ကရင်ပြည်နယ် မီးသတ်ဦးစီးဌာနှင့် ဘားအံတက္ကသိုလ်တို့ ပူးပေါင်း၍ အကြိုအခြေခံမီးသတ်ပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၈:၀၀)နာရီက (ဘားအံတက္ကသိုလ်)ပညာ့ရိပ်သာခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများနှင့် သင်တန်းသား/သင်တန်းသူ (၁၁၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

သင်တန်းဖွင့်ပွဲတွင် ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးက အဖွင့်အမှာစကားပြောကြားပြီး ကရင်ပြည်နယ်မီးသတ်ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးကျော်ကျော်က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါသင်တန်းကို မိမိတို့နေထိုင်ရာဒေသအတွင်း မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ရုတ်တရက်ဖြစ်ပွားလာပါက ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကို သန္ဓေမီးသတ်တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင်စေရန်နှင့် မီးသတ်ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ဥပဒေ၊ နည်းဥပဒေများကို သိရှိ နားလည်စေရန် ရှာဖွေကယ်ဆယ်ရေးသုံး ခေတ်မီကိရိယာများကို ကိုယ်သွယ်အသုံးပြုနိုင်ရေး နွေရာသီ ကျောင်းပိတ်ရက်တွင် အကြိုအခြေခံမီးသတ်ပညာသင်တန်း(၁/၂၀၂၅)ကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့် သင်တန်းတွင် သင်တန်းသား/သင်တန်းသူ(၄၄)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ကြာမြင့်ပြီးဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်