ရှမ်းရွာသစ်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲဆောင်ရွက်

ရှမ်းရွာသစ်   ဒီဇင်ဘာ ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း(၁၁)နာရီအချိန်တွင် ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်အေးအေးနွဲ့က ပြည် သူများအနေဖြင့် နွေရာသီပွင့်လင်းရာသီရောက်ပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကို သိရှိနိုင်ရန်အတွက် အသိပညာပေး(Talk Show)ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့မီးသတ်ဦးစီးဌာနမှ တာဝန်ခံတပ်ကြပ်ကြီး ဦးရီဝင်းက မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်များ၊  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ရမည့်အချက်များ၊ မီးသတ်ဆေးဘူး အသုံးပြုပုံ နည်းလမ်းများ၊  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် အကြောင်းအရာများ  လက်ရှိဆောင်ရွက်နေသည့် အခြေအနေများ စသည့်မီးဘေး အန္တရာယ်နှင့်ဆိုင်သော သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သိကောင်းစရာများ (Talk Show)ဆွေးနွေးပွဲ၌ ဆွေးနွေးဆောင်ရွက်သည့် အကြောင်းအရာများအား Online မှတစ်ဆင့် တင်ဆက်မှုများကို ရှမ်းရွာသစ် မြို့ပြည်သူ့စာကြည့်တိုက် Page နှင့် IPRD Shanywarthit Page တို့တွင် ထုတ်လွှင့်ဖော်ပြပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)